နောင်တရားမြို့တွင် Quarantine ဝင်ရောက်နေသူများအား RDT ဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေး

နောင်တရား   ဇန်နဝါရီ     ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.က ကျောင်း၌ ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက်နေသူ(၁၁)ဦးကို ယနေ့ နံနက်ပိုင်းတွင် RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာဝတ်ရည်ဖြိုးက ပြည်ပနိုင်ငံများနှင့် အခြားတိုင်းနှင့် ပြည်နယ်များမှ ပြန်လည်ရောက်ရှိ လာသည့် Quarantine ဝင်ရောက်နေသူ (၁၁)ဦးကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာ Negative ထွက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း Quarantine ဝင်ရောက်လျက်ရှိသည်။  နောင်တရား Quarantine Center ၌ ကိုဗစ်-၁၉ ရောဂါ Positive  တွေ့ရှိသူ ရှစ်ဦးထိရှိပြီး ယခုအခါ Negative ဖြစ်၍ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။ နောင်တရား Quarantine Center တွင် ပြည်ပနိုင်ငံများနှင့် အခြားတိုင်းနှင့် ပြည်နယ်များမှ ပြန်လည်ဝင်ရောက်လာသူများ(၃၄)ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)