နှစ်သစ်ကူးအကြို ဗိုလ်ချုပ်​အောင်ဆန်း​စျေး၌ စတုဒိသာ​​​ကျွေးပွဲကျင်းပ

ရန်ကုန် ဧပြီ ၆

မြန်မာှစ်သစ်ကူးကို ကြိုဆိုသောအနေဖြင့် နှစ်သစ်ကူးအကြို စတုဒိသာကျွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်ချုပ်​အောင်ဆန်း​စျေး၌ ကျင်းပရာ အလှုရှင် ဦး​မောင်​မောင်ဆန်း (မောင်မောင်ဆန်း​ကျောက်မျက်ရတနာကုမ္ပဏီလီမိတက်) Best and Shine ကျောက်မျက်ရတနာကုမ္ပဏီလီမိတက်တို့က ​စျေးအတွင်းရှိ အများပြည်သူများအတွက် ကြက်သားထမင်းဘူး တစ်​ထောင်ငါးရာစာ​​ကျွေး​မွေးလှူဒါန်းခဲ့​ပြီး နှစ်စဥ်နှစ်သစ်ကူးအချိန်တွင် ဗိုလ်ချုပ်​အောင်ဆန်း​စျေး၌ စတုဒီသာများ​ကျွေး​မွေးလှူဒါန်း​ကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)