မိတ္ထီလာ ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းကို ဧပြီလ ၅ ရက်နေ့ နံနက်က ပန်းတင်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့်အနက်မှ ရက်(၁၀၀)စီမံချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကွက်ငယ်ကျေးရွာ အုပ်စုပန်းတင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းကိုဆောင်ရွက်ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိုက်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံက စီမံကိန်လုပ်ငန်းစဉ်များအကြောင်းနှင့် စီမံကိန်းကော်မတီဝင်များဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းများကို ပြောကြားကာတက်ရောက်လာကြသော ကျေးရွာသူ/ကျေးရွာသားများက အများသဘောဆန္ဒနှင့်အညီ စီမံကိန်း ကော်မတီဝင်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)