မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် စပါးမျိုးစေ့ မျိုးသန့်များရရှိစေရန်အတွက် မျိုးစေ့မျိုးသန့်စိုက်ဧက(၂၀၀)စိုက်ပျိုးထားရှိ

ချောင်းဆုံ ဩဂုတ် ၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ (CERP) အစီအစဉ်အရ စပါးမျိုးစေ့မျိုးသန့်များ ရရှိစေရန်၊ ရေမြေ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် စပါးမျိုးကောင်းမျိုးသန့်များရရှိစေရန်နှင့် တစ်ဧက ထွက်နှုန်း တိုးတက် စေရေးအတွက် မျိုးသန့်မျိုးပွားမျိုးစေ့(RS)ကိုအသုံးပြုပြီး မျိုးသန့်မျိုးစေ့ (CS)ကို ရရှိပြီး အသွေးပြည့်မီစေရန် အတွက် ချောင်းဆုံမြို့နယ်မျိုးစေ့ထုတ်ဧက(၂၀၀)ကို ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါမျိုးစေ့ထုတ်ဧကများကို မြို့နယ်အတွင်းရှိ တောင်စွန်းကျေးရွာ၊ ကော့မုပွန်ကျေးရွာ၊ ကမာကေးကျေးရွာနှင့် ကော့ကဒိုက်ကျေးရွာများရှိ လယ်စိုက်တောင်သူ (၄၂)ဦးတို့အား မျိုးကွဲပေါ်ဆန်းရင် မျိုးစပါးများအား စိုက်ဧက (၂၀၀)တွင် စိုက်ပျိုးသွားမည်ဖြစ်ရာ အဆိုပါစိုက်ပျိုးထားသည့် နေရာများသို့ ဩဂုတ်လ ၅ ရက်နေ့က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်လွင်ထံမှ သိရှိရ သည်။

ထူးအိမ်(ပြန်/ဆက်)