ပုသိမ်ကြီး ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် မြို့နယ်ကြက်ခြေနီ အသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ၁/၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၆ ရက် နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီး အောင်ဇမ္ဗူခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဝေယံမင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်က သင်တန်းဖွင့်လှစ် ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီ အသင်းခွဲသို့ မြို့နယ်ပညာရေးမှူးရုံးမှ အလှူငွေပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်သက်မာဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၄၃ ဦးအား သင်တန်းကာလ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်