သုံးခွ ဧပြီ ၆
ပူပြင်းခြောက်သွေ့သော နွေရာသီတွင် ပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ကွက်ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းအချိန်က သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့လှူဒါန်းရာတွင် ၂၀၂၆ ခုနှစ်၊ နွေရာသီကာလ သောက်သုံးရေရှားပါးမှုဖြစ်ပေါ်နေသော ရပ်ကွက်ကျေးရွာသို့ သောက်သုံးရေ ရေဂါလံ(၃၂၀၀)အား လှူဒါန်းခြင်းဖြစ်ကြောင်းသိရပြီး ထိုသို့လှူဒါန်းမှုကြောင့် ရပ်ကွက်နှင့်ကျေးလက်နေပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။ သောက်သုံးရေလှူဒါန်းရာတွင် မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်(၁)စီးဖြင့် ရပ်ကွက်ကျေးရွာအရောက် သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး သောက်သုံးရေလိုအပ်ပါက သုံးခွမြို့နယ် ဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)