ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Soft Skill သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဧပြီ  ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် Soft Skill သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ  ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဖြစ်သော  Green Challenge Association မှ ဦးအောင်မျိုးပိုင်(Human Resource Management  Consultant)က သင်တန်းနှင့်ပတ်သက်သော သုံးသပ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာကိုရွှေအောင်သင်းက သင်တန်းဆင်းပွဲနှင့်ပတ်သက်၍ မုဒိတာစကားပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် သင်တန်းထူးချွန်ဆု (၁၀)ဆုနှင့် ခေါင်းဆောင်မှုအကောင်းဆုံးဆု (၈)ဆု ရရှိသော ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက  ဂုဏ်ပြု ဆုလက်ဆောင်များနှင့် သင်တန်းဆင်း ဂုဏ်ပြုကတ်များအား  အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ Soft Skill သင်တန်းဆင်းပွဲသို့  ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း‌ကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများနှင့် တာ၀န်ရှိသူများ စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)