နောင်ချိုမြို့နယ်၊ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကွန်ပျူတာ (အခမဲ့) သင်တန်း စတင်ဖွင့်လှစ်

နောင်ချို ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာ၊ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌  ကွန်ပျူတာ (အခမဲ့) သင်တန်းကို ယနေ့နံနက်ပိုင်းက စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော်၏ ဦးဆောင်စီစဉ်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး  စည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ(၂၅)ဦး တက်ရောက် သင်ကြားခဲ့ကြကြောင်း သိရသည်။

ကွန်ပျူတာ(အခမဲ့)သင်တန်းအား သင်ယူရန်အတွက် ငွေကြေးခက်ခဲနေသူများ၊ သွားလာနေထိုင် စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေသူများအတွက် သင်တန်းကာလအတွင်း သဖန်းကိုင်းဆရာတော်မှ စီစဉ်ဆောင်ရွက် ထားပေးမှုကြောင့်  အဆင်ပြေမှုရှိကာ စိတ်အေး ချမ်းသာစွာ သင်ကြားနိုင်ပြီဖြစ်သည်။

သင်တန်းကာလမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ ()လတိတိ ကြာမြှင့်မည် ဖြစ်ပြီး ကွန်ပျူတာကျွမ်းကျင် ဆရာ/ဆရာမများဖြင့် အနီးကပ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)