ဗိုလ်တထောင် ဧပြီ ၆
ဗိုလ်တထောင်မြို့နယ် Community Centre ခန်းမ၌ ယမန်နေ့ ၁ နာရီခွဲအချိန်က Book club စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းကြည်က စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသော “အလုပ်ဆိုတာအင်အားပါ”စာအုပ်မှ "အလုပ်တွင်ကျယ်စေချင်ရင် လူရောစိတ်ပါကျန်းမာစေဖို့လိုပါတယ်"ခေါင်းစဉ်ပါအကြောင်းအရာကို ဖတ်ကြားသည်။
ထို့နောက် Book club စာဖတ်ဝိုင်းသို့ တက်ရောက်အားပေးသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထွန်းက “အလုပ်အောင်မြင်ချင်ရင် ဆွဲအားရောတွန်းအားပါ သုံးသင့်ပါတယ်”ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော Book club အသင်းဝင်များမှ အလှည့်ကျဖတ်ကြားကြ၍ ထိုသို့ဖတ်ကြားကြသော ခေါင်းစဉ်တွင်ပါရှိသည့် အကြောင်းအရာများအား ဗိုလ်တထောင်မြို့နယ် Book club အဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းသာ၊ စာရေးဆရာမ မေမြတ်စန္ဒာ၊ စာရေးဆရာမ သုခေတ်မေ၊ မမိုးချမ်းထက်တို့မှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး Book Club စာဖတ်ဝိုင်းကို ၃ နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရသည်။
ခင်ဝင်း (ပြန်/ဆက်)