ဗိုလ်တထောင် ဧပြီ ၆
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရေနံဝန်ထမ်းအိမ်ယာနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် သုံးရေလိုအပ်လျက်ရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်ဦးဆောင်၍ အဖွဲ့ဝင်များ၊ တာမွေမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးညီညီနှင့် သန္ဓေတပ်ဖွဲ့ဝင် ၄ ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အတူပူပေါင်း၍ တာမွေမြို့နယ် မီးသတ်စခန်းမှ 5S-4931 HOWO မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလန်(၄၀၀၀)ခန့်အသုံးပြု၍ ရေပေးဝေလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်း (ပြန်/ဆက်)