တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်

တန့်ယန်း  ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် မြို့နယ်စည်ပင်သာယာရေး ဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ရင်းတို့ ပူးပေါင်းကာ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီးခွန်အောင်သွင်နှင့် အရာရှိကြီးများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ စည်ပင်သာယာစျေးကော်မတီနှင့် စျေးသူ/ စျေးသားများ တက်ရောက်ကြည့်ရှုအားပေးရာ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ရင်း ဒုတိယတပ်ရင်းမှူး ခင်မောင်မြင့်နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက မြို့မစျေးအတွင်း မီးငြှိမ်းသတ်စက်များ နေရာချထားမှု၊ အရေးပေါ်မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်နည်းစနစ်များ လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့် ခဲ့ကြကြောင်း  သိရသည်။          

မင်းလွင်ဦး(ပြန်/ဆက်)