မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း သောက်သုံးရေများ ပေးဝေဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/မြောက်ရပ်ကွက်၊ အထက်မန္တလေး(၁)လမ်းရှိ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်‌နေ့နံနက်(၁၁)နာရီအချိန်က‌ သောက်သုံးရေများ ပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့‌ပေးဝေရာတွင် 1J/9710 ၊ ရေဂါလန်(၁၆၀၀)ဆံ့ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစနိုင်ရဲထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂)ဦီး၊ ရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ရေဂါလန် ၃၂၀၀ အား ပေးဝေခဲ့ကြောင်း သိရှိရပါသည်။

မြတ်မြတ်အေး (ပြန်/ဆက်)