မန်တုံမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများ ကွင်းဆင်း

မန်တုံ   ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအိုက်ထွန်း အငယ်တန်း အင်ဂျင်နီယာ(၂) ဦးလင်းအောင် တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟူးလိန်ကျေးရွာအုပ်စု ဟူးလိန်ကျေးရွာ၊ မန်နားကျေးရွာအုပ်စု ခိုမုန်းကျေးရွာနှင့် ဆိုင်းလိန်ကျေးရွာ အုပ်စု ပြင်လုံကျေးရွာ ခန်းမတည်ဆောက်ခြင်းလုပ်ငန်း၊ နားအော်ကျေးရွာအုပ်စု မကောက်ကျေးရွာနှင့် ဆိုင်းလိန်ကျေးရွာအုပ်စု ဆာလူကျေးရွာတွင် အသေးစားရေအားလျှပ်စစ်လုပ်ငန်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လမ်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ကော်မတီများဖွဲ့စည်းခြင်း အစည်းအဝေးများပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးရွာများရှိ လုပ်ငန်းဆောင်ရွက်မည့် နေရာများအား တာဝန်ရှိသူများက ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)