နမ့်စန်တွင် မွေးမြူရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

နမ့်စန်() ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်()ကျေးရွာအုပ်စု၊ အမှတ်()ကျေးရွာတွင် မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား အသင်းသူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသင်း ဥက္ကဋ္ဌ သဘာပတိ ဦးစိန်လွင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ် သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်းက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်ဆယ်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး အသင်းမှ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကြသည်။

ဆက်လက်၍ အမှတ်()ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ကိုကို က၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ဘောဂဗေဒဘာသာရပ်ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော အသင်းသား ဦးအောင်စိုးလင်း၏သမီး မဆုပိုပိုအောင်ကို ဂုဏ်ပြုငွေ သုံးသောင်းကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက အသင်းသားအသင်းသူ ၇၄ ဦး၏ စုဆောင်းငွေ အပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေ စုစုပေါင်း ၄၈၁၀၀၀၀ ကျပ်ကိုထုတ်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားအပြီးတွင် မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အမှုဆောင်အသစ်များရွေးချယ်ပွဲကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သူရအောင် (ပြန်/ဆက်)