သထုံ ဩဂုတ် ၅
မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ်လ ၅ ရက်နေ့ နံနက်က သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော် ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၊ ရန်ကုန်-မော်လမြိုင် အဝေး ပြေးကား လမ်းမပေါ်သို့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှ စတင်ကာ အရှည် ပေ ၃၀၀၊ အမြင့် ၁၀ လက်မခန့်အထိ ရေကျော်မှု ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်မှစတင်ကာ ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။
ကားလမ်းရေကျော်ရာ၌ ယာဥ်များသွားလာမှုအဆင်ပြေစေရေးအတွက် သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်းနှင့် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲ့မှုအဖွဲ့ ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်များတို့ ပူးပေါင်းကာ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)