လမ်းမတော်မြို့နယ်၌ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်၊ ဆေးဝါးရောင်းချခွင့် လက်လီလိုင်စင်(သက်တမ်းတိုး)များကို ကွင်းဆင်းစစ်ဆေး

လမ်းမတော် ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်အစားသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့မှ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်၊ ဆေးဝါးရောင်းချခွင့် လက်လီလိုင်စင်(သက်တမ်းတိုး)များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့် အဖွဲ့၀င်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လမ်းမတော်မြို့နယ်အတွင်းရှိ ZIWA DANA Company Limited၊ Medicare ဆေးဆိုင်များ၊ City Express ဆေးဆိုင်များတွင် ရောင်းချသော ဆေးဝါးများတွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ မှတ်ပုံတင်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိနှင့် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်၊ ဆေးဝါးရောင်းချခွင့် လက်လီလိုင်စင်(သက်တမ်းတိုး)များကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)