သန်လျင်မြို့နယ် စာကြည့်တိုက်ကော်မတီဝင်များ ကွင်းဆင်းဆောင်ရွက်

သန်လျင် ဇန်နဝါရီ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီး အရာရှိ ဒေါ်လှပိုမိုက ရန်ကုန်တိုင်း ဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက်ပေးမည့် အခြေအနေများ ခရိုင်အတွင်းရှိ မြို့နယ်အလိုက် စာကြည့်တိုက် ကြီးကြပ်ကော်မတီများ၏ ဆောင်ရွက်နေမှုအခြေအနေများ  မြို့နယ်များအနေဖြင့် စာကြည့်တိုက်မှတ်ပုံတင် အမြန်ဆုံး ပြန်လည် တင်ပြနိုင်ရေးနှင့် စာကြည့်တိုက်ကော်မတီများ ဖွဲ့စည်းနိုင်မည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်၊၊

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်မျိုးက တိုင်းဒေသကြီး စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီတွင် မှတ်ပုံတင်နိုင်ရေး အတွက် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ရှင်သန်စာကြည့်တိုက်များ သတ်မှတ် ရက်အတွင်း ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းဖြင့် ဆွေးနွေးပြီး မြို့နယ် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းက စာကြည့်တိုက်များ မှတ်ပုံတင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးတင်ပြသည်၊၊ ဆက်လက်၍ တက်ရောက်လာ ကြသော ကော်မတီဝင်များက စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးရေး၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး အကြံပြုဆွေးနွေးကြသည်။

သန်လျင်မြို့နယ် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်း၊ အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မို့မို့သူနှင့် ကော်မတီဝင်များသည် ယနေ့တွင် သန်လျင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ စာကြည့်တိုက်များ စနစ်တကျ မှတ်ပုံတင်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)