ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Essay & Letter ရေးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်

ကျောက်ဆည်၊ ဧပြီ ၄

ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာရေးသားရာတွင် ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၈ နာရီက Essay & Letter ရေးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ထူးချွန်ထက်မြတ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Essay &Letter ရေးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဆရာမ ဒေါ်အေးစုမွန်က Essay & Letter ရေးသားပုံ၊ ရေးသားနည်းများ၊ သဒ္ဒါထားသိုနည်းများ အကြောင်းကို စနစ်တကျသင်ကြားပေးလျက်ရှိပြီး အဆိုပါ Essay & Letter ရေးနည်း အခမဲ့သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၃၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၁၀ ရက် နေ့အထိ သင်ကြားပေးသွားမည်ဖြစ် ကြောင်းသိရသည်။

စုစုအေး(ကျောက်ဆည်)