လသာ ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် စာရေးဆရာမ လှိုင်မေသစ်ဦးကြည်၏ "မကြွေပန်း အစဉ်လန်းစေချင်" ဝတ္တုတို စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသူရဇော်က အမှာစကားပြောကြားခဲ့ပြီး၊ စာရေးဆရာမ ဒေါ်ညွှန့်ညွှန့်က မုဒိတာစကား ပြောကြားကာ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမ လှိုင်မေသစ်ဦးကြည်၏ "မကြွေပန်းအစဉ်လန်းစေချင်" ဝတ္တုတိုကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ် (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာ/ဆရာမများက အဆိုပါစာမူတွင်ပါဝင်သည့် အကြောင်းအရာတို့ကို ကောက်နုတ်ဆွေးနွေး နှိုင်းယှဥ်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို စာပေချစ်မြတ်နိုးသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)