ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြော

ကျိုင်းတုံ ဧပြီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့တွင် ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ခရိုင်စာရင်းစစ်ရုံးတွင် တွင်ဆောင်ရွက်သည်။

ဟောပြောပွဲတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူနေအိမ်၊ ရုံးအဆောက်အဦများတွင် ဖြစ်တတ်သည့် မီးဘေးအန္တရာယ်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များ စသည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသတိပြုဆောင်နိုင်ရေး ခရိုင်စာရင်းစစ်ရုံး ဝန်ထမ်းများအား အသိပညာပေးဟောပြောသည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် ဆီ/မီး ငြိမ်းသတ်ခြင်း၊ Gas မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသရာ ကျိုင်းတုံခရိုင် စာရင်းစစ်ရုံးဝန်ထမ်းများက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)