မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မိုင်းယန်း ဧပြီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မွေးကင်းစကလေးငယ်များအပါအဝင် အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ လစဉ်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမားရေးဌာန၊ တာဝန်ခံအမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ဌေးဌေးခိုင်နှင့် ကျန်းမာရေးဆရာမများတို့က မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ဦးစားပေးစာရင်းအလိုက် စနစ်တကျစာရင်းပြုစု၍ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့် ကျန်းမာရေးဌာနမှ သိရသည်။

ထွန်းထွန်းထူး