မိုင်းယု ဧပြီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲစည်းကားသိုက်မြိုက်စွာနှင့် ပျော်ရွှင်ချမ်းမြေ့စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပြည်သူများလည်းပူးပေါင်းပြီး စည်ကားသိုက်မြိုက်စွာနှင့် ပျော်ရွှင်ချမ်းမြေ့စွာဖြင့်ကျင်းပနိုင်ရေးနှင့် မြန်မာ့ယဉ်ကျေးမှုကိုထင်ဟပ်ပေါ်လွင်စေမည့် လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် ကော်ဖီသင်္ကြန်များ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင်လည်း သက်ကြီးဘိုးဘွားများက ပူဇော်ကန်တော့ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မိုင်းယုနယ်မြေရဲစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက သက်ဆိုင်ရာကော်မတီနှင့် အသင်းအဖွဲ့အသီးသီးကလည်း ပူးပေါင်းပါဝင်ကြရေးဆွေးနွေးခဲ့ကြကာ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ကဏ္ဍအလိုက်ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းယု (ပြန်/ဆက်)