ဆီဆိုင်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်

ဆီဆိုင် ဧပြီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ နွေရာသီကာလတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဧပြီ ၁ ရက် နေ့နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

 ဦးစွာ  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်မျိုးလှိုင်က မီးဘေးလုံးခြုံရေး ကြိုတင်ဆောင်ရွက်ထားရှိရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းအကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် တက်ရောက်လာသည့်ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် လက်တွေ့မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)