ပင်းတယ ဧပြီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲနည်းနှင့် စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပေးပြီး ပန်းချီသင်တန်းပြိုင်ပွဲနှင့် စာစီစာကုံးရေးသားနည်းပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ခဲ့ကြောင်းသိရကာ အဆိုပါသင်တန်းအား မတ်လ ၅ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၃၀ ဦးတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)