ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၄၀)ဦးအား Rapid Test Kit ဖြင့်စစ်ဆေး

 

 

ချင်းရွှေဟော်     ဇန်နဝါရီ   ၁၄

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လောက်ကိုင်မြို့နယ်၊ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဂိတ်မှဝင်ရောက် လာသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား   ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ  ကာကွယ် ထိန်းချုပ်ကုသရေ:လုပ်ငန်း ကော်မတီမှ   ချင်းရွှေဟော်မြို့တွင်  အသွားအလာ ကန့်သတ် စောင့်ကြပ်၍  သီးခြားထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့၊နေ့လည် (၁၂)နာရီအချိန်က Rapid Test Kit စနစ်ဖြင့်  ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့သည့် နေရပ်ပြန်ပြည်သူများသည် မြန်မာနိုင်ငံ အတွင်းရှိတိုင်း ဒေသကြီး/ပြည်နယ်အသီးသီးမှ ဖြစ်ကြကာ အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၁၇)ဦး  စုစုပေါင်း နေရပ်ပြန် ပြည်သူ(၄၀)ဦး  ဖြစ်ကြောင်း သိရသည်။

ထိုသို့ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ  နေရပ်ပြန်ပြည်သူအားလုံးတွင် ရောဂါ ပိုးမတွေ့ ရှိရကြောင်းနှင့် ဒုတိယအကြိမ်အဖြစ်  ၎င်းတို့၏  အာခေါင်တို့ဖတ်နှင့်နှာခေါင်းတို့ဖတ် ဓါတ်ခွဲနမူနာ Swab များအား  ထပ်မံရယူပြီး  ချင်းရွှေဟော်မြို့၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မန္တလေးမြို့၊ ပြည်သူ့ ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း   ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)