ညောင်ဦး ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အလွန် ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ သို့ ဘုရားဖူးလာရောက်သည့် ခရီးသွားပြည်သူများ ပုဂံမြို့၊ သိရိပစ္စယာရပ်ရှိ လောကနန္ဒာ စွယ်တော် မြတ်စေတီ တော်ကြီးသို့ လာရောက်ဖူး မြှော်ရန်ရောက်ရှိလာပါက လောကနန္ဒာစွတ်တော်မြတ် စေတီ ဘုရားတော်ကြီး ဂေါပကအဖွဲ့ ဘဏ္ဍာတော်ထိန်းအတွင်းရေးမှူး ဦးထင်လင်းဦးက ဘုရားဖူးလာ ရောက်သည့် ပြည်သူများ ကျန်းမာရေးနှင့်အညီစီမံ ဆောင်ရွက်ထားရှိမှုနှင့် စွယ်တော်မြတ်စေတီ ဘုရား ကြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ ဘုရားဖူးလေ့လာ ရေး လာရောက်ကြသည့် ပြည်သူများလောကနန္ဒာ စွယ်တော်မြတ် စေတီသို့လာရောက်ဖူးမြှော်ခဲ့ပါက ကျန်းမာရေညွှန်ကြားချက်နှင့်အညီ ဘုရားမြောက် ဘက်အပေါက်မှဘုရားရင်ပြင်တော်ပေါ်သို့ သုံးဆယ် ဦးခန့် ဝင်ရောက်ဖူးမြှော်လေ့လာစေပြီး ဘုရားအရှေ့ဘက်အပေါက်မှပြန်လည် ထွက်ခွာရ မည်ဖြစ် ကြောင်း၊ ဦးရေသုံးဆယ်ဦး ဝင်ရောက်စေကာ ဘုရားဖူးပြီးပြန်ထွက်သည့် အရေအတွက်အတိုင်း ထပ်မံဝင်စေမည်ဖြစ် ကြောင်း၊ ဘုရားဖူးအဝင်အထွက်များသိရှိနိုင်ရန် အိုင်ကွန်စကားပြောစက်များဖြင့် အချိတ်အဆက်မိမိလေ့ကျင့်ထား ကြောင်းလည်းသိရသည်။
လောကနန္ဒာစွယ်တော်မြတ်စေတီသို့ဘုရားဖူးလာရောက်သူများ အဝင်ဘက်ခြမ်းတွင် ကိုယ်အပူချိန် အလိုအလျောက် တိုင်းတာသည့် CCTV ကင်မရာနှင့်မှတ်တမ်း တင်ထားသည့် မော်နီတာထားရှိ မှတ်တမ်း တင်ခြင်း၊ လက်ဆေးကန်ထားရှိလက်ဆေးစေပြီး ဘုရား ဖူးဝင်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် စွယ်တော်တော်မြတ်စေတီလေး ဆူရှိပြီး ရွှေစည်း ခုံစေတီ၊ တန့်ကြည်တောင်စွယ်တော်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ် စေတီနှင့် တုရင်တောင်စွယ်တော်မြတ်စေတီလေးဆူးရှိရာ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကို အေဒီ၁၁ ရာစုတွင် အနော်ရထာ မင်းကြီး တည်ထား ကိုးကွယ်ခဲ့ကြောင်းသိရ သည်။
စွယ်တော်မြတ်စေတီတော်ကြီး၏ပုံသဏ္ဍာန်သည် ဖိနပ်တော်ပေါ်တွင် ရှစ်မြောက် စက်ဝန်းပုံမောက်ခံ ပစ္စယံသုံးဆင့်ခံ၍ အပေါ်မှ စမခံစက်ဝန်းတစ်ဆင့်တက်ပြီး အောက်ခြေ ကား၊ ခေါင်းလောင်းပုံ အနားဖော်ကာ ခါးသိမ်သော ပုထိုးပုံတက်လျှင် သပိတ်မှောက် အောက်ခံ ပုထိုးပုံနှင့်ပြေပြစ်စွာ ဖောင်းရစ် ဆင့်တက်ပြီးနောက် ကြာမှောက်ကြာ လှန်ရွဲလုံးများ တင့်တယ်လှပသည့်(ချယားသီး) တင်ထားသော မြေစိုက်ပုထိုးစေတီတော်ပုံဖြစ်သည်။
လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ အရှေ့မြောက်ဘက်တွင် အနောက်ဘက်လိပ်ဘုရား၊ အရှေ့ဘက်လိပ်ဘုရားတို့ကိုလေ့လာဖူးမြှော်နိုင်ပြီး၊ အရှေ့ဘက်တွင် လောကနန္ဒာကြောင်နံ့သာ ကန်တော်တွင် ငါးစာကျွေးခြင်းနိုင်ခြင်း၊ တောင်ဘက်တွင် လောကနန္ဒာဘေး မဲ့တော ဥယျာဉ်သို့ ဝင်ရောက် လေ့လာနိုင်ကာ မြန်မာ့ဒေသရင်းမျိုးစိတ်ကြယ်လိပ်များနှင့်တိုက်လိပ်များကို လေ့လာ ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ပြန်လည် ဖွင့်လှစ်ခွင့်ပြုချိန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရား၊ စေတီ ၊ပုထိုးများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် အဆင် သင့်ပြင်ဆင် ထားရှိကြောင်းလည်းသိရပြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ စေတီ၊ ပုထိုးပေါင်း ၃၈၀၀ ကျော်ရှိကြောင်း လည်းသိရပါတယ်။
ကိုထိန်၊KPD