အလုံမြို့နယ်၌ “ နွေရာသီအခြေခံဘောလုံးအားကစား ” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

အလုံ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဆင်မင်းမြက်ခင်းတုဘောလုံးကွင်း၌ မတ် ၃၀ ရက်နေ့ ညနေပိုင်းက မြို့နယ်ဘောလုံးအဖွဲ့ချုပ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် “နွေရာသီအခြေခံဘောလုံးအားကစား ” သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်နာယက ဦးသိန်းမြင့်မောင်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသား/ သူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ဆုရရှိသူများအား ဆုတံဆိပ်ချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင် ဦးအောင်စိုး၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယက ဦးသိန်းမြင့်မောင်၊ ဥက္ကဋ္ဌ ဦးသန်းဇော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား/ သူများ၊ စုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)