ကျိုက်ထို ဧပြီ ၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် “စုံ” ရက် “မ” ရက် ခွဲခြား၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စေခြင်း ထုတ်ပြန်ကြေညာချက်အား ပြည်သူများမှ လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေးကိုယမန်နေ့ နံနက်ပိုင်းကတောင်သူစုရပ်ကွက်၊ ကျိုက်ထီးရိုးလမ်းစုံ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း များထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌဦးတင့်လွင်မှ ကြီးကြပ်ကွပ်ကဲ၍ “စုံ” ရက် “မ” ရက် ခွဲခြားပြီး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စေခြင်းထုတ်ပြန်ကြေညာချက်အား ပြည်သူများမှ လိုက်နာဆောင်ရွက်ခြင်းဖြင့်စက်သုံးဆီသုံးစွဲမှုအား လျှော့ချနိုင်မည့်အပြင် ယာဉ်ကြောကြပ်တည်းခြင်းနှင့် လေထုညစ်ညမ်းမှုအား လျှော့ချနိုင်ရေးအတွက် “ထက်” စက်သုံးဆီအရောင်းဆိုင်၊ ချောစုစက်သုံးဆီအရောင်းဆိုင်၊ “တော်၀င်”စက်သုံးဆီ အရောင်းဆိုင် တို့တွင် ညွှန်ကြားချက်နှင့်အညီ စက်သုံးဆီရောင်းချပေးနေမှု မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ၏ ကြေငြာချက်ဗွီနှိုင်းကပ် အသိပေးထားမှုများအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)