မြင်းခြံမြို့၌ ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာပေးပွဲ(တတိယနေ့) ဖြေဆိုလျက်ရှိ

မြင်းခြံ မတ် ၃၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ သာသနာရေးဦးစီးဌာနမှကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိဌိပထမပြန် စာပေးပွဲ(တတိယနေ့)ကို ယနေ့ မွန်းတည့် ၁၂ နာရီက ရွှေပြည်စိုး သာသနာ့ဗိမာန်တော်တွင် ဖြေဆိုသည်။

မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင် ဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (တတိယနေ့)ကို ဖြေဆိုလျက်ရှိရာ အဘိဓမ္မတ္ထသင်္ဂဟဘာသာ ပထမကြီးတန်း ဖြေဆိုသံဃာ ၃၃ ပါး၊ ပထမလတ်တန်း ဖြေဆိုသံဃာ အပါး ၄၀ နှင့် သီလရှင် ၂ ပါး၊ ပထမငယ်တန်း ဖြေဆိုသံဃာ ၈၃ ပါးနှင့် သီလရှင် ၃ ပါး၊ အခြေပြုမူလတန်း ဖြေဆိုသံဃာ ၁၂၁ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ထိုသို့ စာဖြေသံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ အလှူရှင်များက ဝတ္ထုငွေများနှင့် အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)