ပုဇွန်တောင်မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုဇွန်တောင် မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ လမ်းလျှောက်သင်္ကြန်များ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ စတုဒိသာကျွေးမွေးနိုင်ရေး၊ လူငယ်များရေကစားနိုင်ရေး၊ နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဆိုပူဇော်နိုင်ရေးစီစဉ်ထားရှိမှု၊ တာဝန်ချထားမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ စတုဒိသာဧည့်ခံကျွေးမွေးရေးကိစ္စရပ်များနှင့်စပ်လျဥ်း၍ ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ် (ပြန်/ဆက်)