အလုံမြို့နယ်၌ အခြေခံတရုတ်စာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အလုံ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်းက အခြေခံတရုတ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကျောင်းသင်ခန်းစာများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အခြေခံတရုတ်စာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းဆရာ ဦးတင်မောင်မောင်က သင်ကြားပို့ချမည့် အခြေခံတရုတ်စာသင်ခန်းစာအကြောင်းအရာများကို ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီထိ မတ်လ ၉ ရက်မှ စတင်သင်ကြားပေးလျက်ရှိရာ ဧပြီလ ၁၀ ရက်နေ့ထိ သင်တန်းကာလငါးပတ်ကြာ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)