မှော်ဘီမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆို

မှော်ဘီ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ဘိက္ခုပါထိမောက်ဘာသာကျမ်းစာမေးပွဲကို မတ် ၂၉ ရက်နေ့က မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာဗိမ္မာန်တော်ကြီး၌ကျင်းပ၍ ဆက်လက်ဖြေဆိုသည်။

အဆိုပါ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် ဘိက္ခုပါထိမောက်ဘာသာကျမ်းစာမေးပွဲဖြေဆိုရာသို့ စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ မှော်ဘီမြို့သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင် ဆရာတော်များကြွရောက်တော်မူကြပြီး မှော်ဘီမြို့နယ်သာသနာရေးမှူးများ၊ ကျန်းမာရေးဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဘာသာရပ်အဖြစ် ဘိက္ခုပါထိမောက်ဖြေဆိုသောကျမ်းရင်းတွင် သံဃာတော်နှင့် သီလရှင် (၁၂၃၂) ပါး စာရင်းပေးသွင်းထားရာ ယနေ့တွင် သံဃာတော်နှင့် သီလရှင် (၉၇၃) ပါး ဝင်ရောက်ဖြေဆိုတော်မူလျက်ရှိရာ ပထမကြီးတန်း (၁၁၃) ပါး၊ ဖြေဆို (၉၆) ပါး၊ ပျက်ကွက် (၁၇) ပါးရှိပြီး ပထမလတ်တန်းစာရင်းရှိ (၁၇၂) ပါး၊ ဖြေဆို (၁၃၂) ပါး၊ ပျက်ကွက် (၃၅) ပါး ပထမငယ်တန်းစာရင်းရှိ (၃၂၀) ပါး၊ ဖြေဆို (၂၅၄) ပါး၊ ပျက်ကွက် (၆၆) ပါး ပျက်ကွက်၍ အခြေပြုမူလတန်းဖြေဆိုရာတွင်လည်း စာရင်းရှိ (၆၂၇) ပါး၊ ဖြေဆို (၄၈၆) ပါး ပျက်ကွက် (၁၄၁) စုစုပေါင်း (၂၅၉) ပါး ပျက်ကွက်ကြောင်းနှင့် ဘာသာရပ်အလိုက်ဖြေဆိုလျှက်ရှိသော စာမေးပွဲအားဧပြီလ (၄) ရက်နေ့ထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာသို့ ထေကြီးဝါကြီးဆရာတော်များ၊ မှော်ဘီမြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင် ဦးဃောသိတဆရာတော်နှင့်အဖွဲ့များ၊ စာမေးပွဲကြည့်ကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ ကြွရောက်တော်မှုခဲ့ရာ ဆရာတော်များမှ လှည့်လှယ်စစ်စေးကြည့်ရှုခဲ့သည်။

စာမေးပွဲဖြေဆိုရာသို့ မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူး ပြည့်စုံကျော်၊ အဖွဲ့ဝင် ဦးဝင်းစိုးနှင့်တာဝန်ရှိသူများ၊ မှော်ဘီသာသနာရေးမှူးများနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အကျိုးတော်ဆောင်များ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြပြီး ရေသန့်ဗူးများနှင့်အချိုရေများ လိုအပ်သည်များအားပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)