ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

ဆိပ်ကြီးခနောင်တို မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို (ပထမနေ့) အဖြစ် မတ် ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက ဆိပ်ကြီးအနောက်ရပ်ကွက် ၊ မိုးကောင်းပရိယတ္တိစာသင်တိုက်ရှိ ဗုဒ္ဓဝင်သကျောင်‌ဆောင်စတင်ကျင်းပပြုလုပ်ရာ စာမေးပွဲတွင် ဝိနည်းကျင့်ဝတ် / သုကုမာရမဂ္ဂဒီပနီ ဘိက္ခုပါတိမောက်ဘာသာ/ ဒွေမာတိကာဘာသာရပ်ကို ပထမကြီးတန်း (၃) ပါး၊ ပထမလတ်တန်း (၁)၊ ပထမငယ်တန်း (၃) ပါး၊ အခြေပြုမူလတန်း (၅) ပါး စုစုပေါင်း စာဖြေသံဃာတော် (၁၂) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာတော်များအဆင်ပြေချောမွေ့စွာ စာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သာသနာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကလိုအပ်သည့် ဆွမ်း၊ ကွမ်း၊ ဆေးဝေယျာဝစ္စများအား သက်ဆိုင်ရာကဏ္ဍအလိုက် ကုသိုလ်ပြုကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)