မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်း‌ချ‌

မြစ်သား မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ စည်ပင်သာယာ ဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှစားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက် သာဈေးရောင်းချခြင်းကို မတ် ၃၀ ရက် နံနက် ၇ နာရီက ရောင်းချပေးသည်။

ပြည်သူ့သက်သာဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်များသည် ပြင်ပပေါက်ဈေး ထက်ဈေးနှုန်းချိုသာစွာရောင်းချပေးရာ ဒေသခံပြည်သူ များမှ လာရောက်ဝယ်ယူခဲ့ကြသည်။

  ထို့သို့ရောင်းချရာတွင် ဝက်သားတစ်ပိဿာ ကျပ်၂၆၀၀၀ ဖြင့် ၃၀ ပိဿာ၊ အမဲသားတစ်ပိဿာ ကျပ် ၂၆၀၀၀ ဖြင့် ၁၀ ပိဿာ၊  ကြက်ဥ ၁ လုံး ကျပ် ၄၀၀ ဖြင့် အလုံး ၁၅၀၀ ၊ သုခရှယ်ဆန် ၁ ပြည် ကျပ် ၃၅၀၀ ဖြင့် ၄၈ ပြည်၊ စားအုန်းဆီ ၁ ပိဿာ ကျပ် ၆၆၀၀ ဖြင့် ပိဿာ ၁၁၀ ကို ပြင်ပ‌ပေါက်ဈေးထက်ဈေးနှုန်းချိုသာစွာ ဖြင့်ရောင်းချပေးခဲ့သည်။

ဝါဝါမြင့် (မြစ်သား)