တောင်သာ မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့ အမှတ် ၆ ရပ်ကွက်အတွင်းရှိ ဗိမာန်၌ ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ လူနှင့်သီလရှင်များ ဖြေဆိုကြရာ ပထမကြီးတန်း၌ စာရင်းရှိ ၇၊ ဖြေဆို ၆၊ ပျက်ကွက် ၁၊ ဒွေးမာတိကာ ဘာသာကိုလည်းကောင်း၊ ပထမလတ်တန်း၌ စာရင်းရှိ ၈၊ ဖြေဆို ၈၊ ဒွေးမာတိကာဘာသာကို လည်းကောင်း၊ ပထမငယ်တန်း၌ စာရင်းရှိ ၁၅၊ ဖြေဆို ၁၅၊ ဘိက္ခုပါတိမောက်ဘာသာကို လည်းကောင်း၊ အခြေပြုမူလတန်း၌ စာရင်းရှိ ၄၃၊ ဖြေဆို ၄၁၊ ပျက်ကွက် ၂ ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီဘာသာကိုဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုသံဃာတော်များ၊ သီလရှင်ဆရာလေးများအတွက် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)