ပင်လောင်း မတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ (MHPSS) စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက မြို့နယ်အဆင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားပြီး ဆွေးနွေးပွဲအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာသင်ခန်းများတွင် ဆက်လက်ပြုလုပ်ရာ ဆွေးနွေးပွဲကို နည်းပြ (၂၇) ဦးနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၂၈၅)ဦး တို့က အခြေခံကျောင်းများတွင် စိတ်ကျန်းမာရေး (Mental Health)နှင့် စိတ်လူမှု ဆက်ဆံရေးအထောက်အပံ့ပေးခြင်း၏ (Psychosocial Support) သဘာထားများ၊ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှုပေးခြင်း၊ ဘေးကင်းလုံခြုံပြီး ကာကွယ်စောင့်ရှောက်မှုပေးသည့် သင်ယူပျော်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းနှင့် အကောင်အထည်ဖော်ရေးအစီအစဉ်များကို မတ်လ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ သုံးရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)