မိုင်းရှူးမြို့၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်

မိုင်းရှူး မတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ဆောင်ရွက်ခဲ့ သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး  ဆရာမကြီး ဒေါ်သက်ချို၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်မော်နှင့် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးထွေးတို့က ကျောင်းသား၊ ကျောင်းသူ များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန်နှင့် ဆရာ/ဆရာမများ၏ စိတ်လူမှုဆက်ဆံရေး ကျွမ်းကျင်မှုများ မြှင့်တင်နိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၇၆)ဦး တက်ရောက်ရာ သင်တန်းအတွင်း စိတ်ဖိစီးမှုများကို ကိုင်တွယ်နည်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ခံစားချက်များကို နားလည်သဘောက်ပေါက်နိုင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ အရေးပေါ်အခြေအနေများတွင် ကူညီပေးနိုင်မည့် နည်းလမ်းများကို သင်တန်းနည်းပြ(၆)ဦးဖြင့် သင်တန်းကာလ မတ်လ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ(၃)ရက်ကြာ  ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)