ကမာရွတ်မြို့နယ်လုံးဆိုင်ရာ အစိုးရ ဓမ္မာစာရိယနှင့် ပါလိပါဠိပထမပြန်စာမေးပွဲ (စာအောင်ဂုဏ်ပြုဆု)စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကမာရွတ် မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်များဓမ္မာရုံ၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်လမ်း၌ ယမန်နေ့မွန်းလွဲပိုင်းက စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ် သံဃာနာယကဥက္ကဋ္ဌ ဆရာတော်နှင့်မြို့နယ် ဩဝါဒစရိယ ဆရာတော်ကြီးများ၊ တက်လာသော ဆရာတော်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အဖွဲ့ဝင်များက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။            

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ထံမှငါးပါးသီလ ခံယူဆောက်တည်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး ကောင်းမြင့်သူက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် ဆရာတော်များအားလှူဖွယ်၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဓမ္မာစရိယ ကျမ်းပြီးသံဃာတော်များ၊  စာအောင်သံဃာ တော်များအား အောင်လက်မှတ်နှင့် ဝတ္ထုငွေဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းလောင်းအမျှပေးဝေ၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံ တိဠတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဩဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဆရာတော်များ၊ စာမေးပွဲကြီးကြပ်ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၉၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)