ဇေယျာသီရိ မတ် ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ကျောက်ဖျာကျေးရွာတွင် "သုတရင်ခွင်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဇံက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဇယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျေးလက်နေပြည်သူများ စာပေနှင့်ရင်းနီးကျွမ်းဝင်မှုရှိစရန်နှင့် စာအုပ်စာပေများကို လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာအတတ်ပညာများစွာ ရရှိလာစေရန် ရည်ရွယ်၍ ယခုလိုစာကြည့်တိုက်များ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း ပြောကြေားခဲ့သည်။ ယင်းနောက် ကျောက်ဖျာကျေးရွာ "သုတရင်ခွင်” စာကြည့်တိုက်အဆောက်အဦသစ်အား ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဇံ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့် တာဝန်ရှိသူများက နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် စာအုပ်စာစောင်များအား သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)