နမ့်စန်(တ) မတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို မြို့နယ်အတွင်း နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီခွဲက နမ့်စန်လေတပ်စခန်းဌာနချုပ် CGI ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်ခဲ့ပြီး နမ့်စန်လေတပ်စခန်းဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်စွမ်းလှိုင်မင်းက အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က မီးဘေးအန္တရာယ်ကြီးမားပုံ၊ မီးလောင်မှုဖြစ်ပွားစေသည့် အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက လက်တွေ့မီးငြှိမ်းသတ်တတ်စေရန်တို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ထွန်းသန်းနှင့် မီးသတ်ဝန်ထမ်းများက အလွယ်တကူမီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ကားရေပိုက်ဖြင့် မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ပြီး တက်ရောက်လာကြသူများက ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)