အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်း၌ စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ ကျင်းပ

ကလော မတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း အောင်ပန်းမြို့၌ ယမန်နေ့နံနက် (၉)နာရီက စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပ‌ဒေချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် ထူးချွန်းဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းဆင်း‌အောင်လက်မှတ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပ‌ဒေချုပ်နှင့် ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေးရာဝန်ကြီးတို့က ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ထို့‌နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများဖြင့် အမှတ်တရ စု‌ပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကျောင်း၌ စက်မှုလက်မှုအခြေခံသင်တန်းတွင် လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့ကို သင်တန်းသား (၃၀)ဦးဖြင့်လည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် အစားအစာနှင့် အဖျော်ယမကာသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းတို့ကို သင်တန်းသူ (၂၀)ဦးတို့ဖြင့် သင်တန်းကာလ (၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ‌အောင်ပန်းမှ ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်ထံမှ သိရှိရသည်။

ကျော်ဝင်း(ကလော)