ကျိုက်ထို ဇန်နဝါရီ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး သင်တန်းကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါက်တာ ဖြိုးဝင့်ကိုက ယခုသင်တန်းသည် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက် ရောဂများနှင့် ပတ်သက်၍ မွေးမြူရေးသမားများ သိရှိစေရန် (၄)လတစ်ကြိမ် ဖွင့်လှစ်သင်ကြားပို့ချသည့် သင်တန်းဖြစ်ပြီး ယနေ့တွင် မြို့နယ်အဆင့် ပို့ချပြီးနောက် ခရိုင် အဆင့်တွင်လည်း ဆက်လက် ပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းသို့ တက်ရောက်လာသူများအနေဖြင့် မှတ်သားစရာ တစ်ခုခု ရရှိခဲ့လျှင် အခြားမွေးမြူရေး သမားများကိုလည်း ကူညီနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် သင်တန်းသားများက ဈေးများတွင်ရောင်းချလျက်ရှိသော အေးခဲအသားများနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ်ဒုတိယဦးစီးမှူးဒေါက်တာ ချိုချိုထွန်းနှင့် ဒုလက်ထောက်ကြီးကြပ်ရေးမှူးတို့က ဥပဒေ၊ နည်းဥပဒေများအရ အရေးယူနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ မွေးမြူရေးလုပ်ငန်းရှင် (၂၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂) ရက်ကြာ သင်ကြားပို့ ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်