မွန်ပြည်နယ်အတွင်း မြို့နယ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မော်လမြိုင်  ဇန်နဝါရီ    ၁၂

မွန်ပြည်နယ် အတွင်းမြို့နယ်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ် တက်ဆင်း စစ်ဆေးရာတွင် မီးချိပ်၊ မီးကဒ်၊ ရေပုံး၊ သဲပုံးနှင့် မီးသတ်ဆေးဘူးများ ထားရှိရေး၊ စီးပွား ရေးလုပ်ငန်းရှင်များလည်း လုပ်ငန်းများစနစ်တကျ ထားရှိရေး၊ မီးဘေး၊ သဘာဝဘေးနှင့် အခြား ဘေးများဖြစ်ပွားလာပါက အရေးပေါ်မီးသတ်ဖုန်းနံပါတ် ၁၉၁ သို့အမြန်ဆုံးဆက်သွယ် အကြောင်း ကြားကြရန်နှင့်ပြည်သူလူထုဘက်မှလည်း မီးသတ်ဦးစီးဌာန ၏စစ်ဆေး အကြံပြု ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံခဲ့ကြောင်းပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)