မှော်ဘီ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တတိယနေ့ အစိုးရဓမ္မာစရိယတန်းစာမေးပွဲ သီလက္ခန္ဓဝဂ္ဂဠိအဠကထာ ပထမနေ့စာမေးပွဲကို ယနေ့ ၁၂ နာရီအချိန်က မှော်ဘီမြို့ သာသနာဗိမ္မာန်တော်ကြီး၌ ကျင်းပသည်။
အဆိုပါ အစိုးရဓမ္မာစရိယတန်းစာမေးပွဲဖြေဆိုရာသို့ စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ မှော်ဘီမြို့ သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များ ကြွရောက်တော်မူကြပြီး မှော်ဘီမြို့နယ် သာသနာရေးမှူး၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။
တတိယနေ့အဖြစ် ဖြေဆိုသော အစိုးရဓမ္မာစရိတန်းစာမေးပွဲ သီလက္ခန္ဓဝဂ္ဂပါဠိအဠကထာပထမနေ့ စာမေးပွဲတွင်သံဃာတော်နှင့် သီလရှင်(၁၁၈)ပါး စာရင်းပေးသွင်းထားရာ ယနေ့တွင် သံဃာတော်နှင့် သီလရှင်(၈၉)ပါး ဝင်ရောက်ဖြေဆိုတော်မူလျက်ရှိရာ သံဃာ(၂၇)ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း (၂၉)ပါး ပျက်ကွက်ကြောင်းနှင့် ဘာသာအလိုက်ဖြေဆိုလျက်ရှိသော စာမေးပွဲအား မတ်လ(၂၃) ရက်နေ့မှ ဧပြီလ( ၄)ရက်နေ့ထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်