ရန်ကုန် မတ် ၂၅
သင်္ဘောသားနှင့်မိသားစုများ ခံစားချက်စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲနှင့် CBA–SEA နှင့်စပ်လျဉ်းသည့် ဗဟုသုတဟောပြောပွဲကိုယနေ့နံနက်ပိုင်းတွင် အမှတ်(၅၃)၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ရုံးခန်း၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်၏အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကပ္ပတိန်စိုးမင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားမှူးက သင်္ဘောသားနှင့် မိသားစုများ ခံစားချက်စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စာနယ်ဇင်း ရှင်းလင်းပွဲနှင့် CBA–SEA နှင့်စပ်လျဉ်းသည့် ဗဟုသုတဟောပြောပွဲဆိုင်ရာ အကြောင်းအရာ များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အဖွဲ့ချုပ်အနေဖြင့် ၂၀၂၆ ခုနှစ်မတ်လ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အစီအစဉ်များအားပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များအားမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်၏အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်