ဗန်းမော်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဗူးတောင်းကျေးရွာ ကံ့ကော်ချောင်းကူး သံကူကွန်ကရစ်တံတား စတင်တည်ဆောက်

ဗန်းမော်     ဇန်နဝါရီ    ၁၂

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ နတ်ခုတ်-ဗူးတောင်း လမ်းပေါ်ရှိ ကံ့ကော်ချောင်းတွင် အရှည်ပေ(၄ဝ)၊ အကျယ်(၁၄)ပေရှိ  သံကူကွန်ကရစ်တံတား (၁)စင်းတည်ဆောက်မည့်နေရာအား ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်အဖွဲ့က ယမန်နေ့ နံနက်(၇)နာရီ၌ ပန္နက်ရိုက်ခဲ့ပြီး တံတားစတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သံကူကွန်ကရစ်တံတားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်( ၈၉ ဒသမ ဝဝ)သန်းဖြင့် တည်ဆောက်ပေးခြင်းဖြစ်သည်။

ကံကော်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ ဗန်းမော်မြို့နယ်မှ ကျေးရွာပေါင်း (၁၈)ရွာ၊ အိမ်ထောင်စုပေါင်း (၁၆၉၄)စု တို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးထံမှ သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)