မိုင်းဖြတ်မြို့နယ်၌ (မြန်မာ့သိုင်း) အခြေခံဗန်တို သင်တန်းဖွင့်လှစ်

မိုင်းဖြတ် မတ်၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် (မြန်မာသိုင်း)အခြေခံဗန်တို သင်တန်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခန်းမဆောင်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ အမှာစကားများပြောကြားပြီး သင်တန်းသူများကို အားကစားဝတ်စုံများပေးအပ်ခဲ့သည်။

ထို့နောက် နည်းပြဆရာက (မြန်မာ့သိုင်း)ကို လက်တွေ့သင်ကြား ပြသခဲ့သည်။ အဆိုပါသင်တန်းကို မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် မြန်မာ့သိုင်းအခြေခံဗန်တို (၆၃) ကွက်ကို သင်ကြား‌ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ (၃၀) ဦး တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)