တပ်ကုန်းမြို့၌ ပန်းချီ၊ အင်္ဂလိပ်စာနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တပ်ကုန်း မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပန်းချီ၊ အင်္ဂလိပ်စာ၊စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းကို မတ် ၂၄ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ပြိုင်ပွဲများတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ ပြိုင်ပွဲများတွင် ကျောင်းသားလူငယ် ၃၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုရရှိသည့်ကျောင်းသားလူငယ်များကို ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်အေးသီနိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းနည်းပြဆရာမ ဒေါ်သက်မှူးဝေအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က နည်းပြလက်ဆောင်များ ပေးအပ်ခဲ့သည်။

တပ်ကုန်းမြို့နယ် အခြေခံပန်းချီ၊ အင်္ဂလိပ်စာသင်တန်းတွင် သင်တန်းသားကျောင်းသား၊ ကျောင်းသူ ၃၀ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ  မတ် ၁၅ ရက်နေ့မှ ၂၄ ရက်နေ့ထိ နေ့စဉ် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

တင်စိုးလွင်