မရမ်းကုန်းမြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR-EIR) လုပ်ငန်းစဥ် ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မရမ်းကုန်း မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မရမ်းကုန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးခန်းမတွင် မတ် ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR-EIR) လုပ်ငန်းစဥ် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မရမ်းကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်က အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစောမြင့်အောင်က ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်ကိစ္စရပ်များ ပတ်သက်စပ်လျဥ်း၍လည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဗညားဦးက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် စပ်လျဥ်း၍ အသုံးပြုဆောင်ရွက်မည့် လုပ်ငန်းစဥ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခွန်ထမ်းပြည်သူများက ဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် ပက်သက်စပ်လျဥ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ (CEIR-EIR) လုပ်ငန်းစဥ် ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အခွန်ထမ်းပြည်သူများ စုစုပေါင်း (၅၇) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)