အမရပူရမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲပြုလုပ်

အမရပူရ  မတ်  ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(Community Centre) ခန်းမ၌ မတ်လ ၂၃ ရက်နေ့နံနက် ၁၀ နာရီက(၈၁) နှစ်မြောက် တပ်မတော်နေ့အကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။

ဦးစွာ တပ်မတော်နေ့အကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမင်းက ရှင်းလင်းပြောကြားခဲ့ပြီး တပ်မနေ့အထိမ်းအမှတ်  အလင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်

စိုးသီဟ(အမရ)